“ကင်မရာပိုင်းကို ဦးစားပေး ထုတ်လုပ်ထားတဲ့ Huawei GR5 2017”

“ကင်မရာပိုင်းကို ဦးစားပေး ထုတ်လုပ်ထားတဲ့ Huawei GR5 2017”

Social Media ခေတ်မှာ သင့်ရဲ့ ဓာတ်ပုံတွေ အမှန်တကယ်လှပစေဖို့အတွက် Huawei GR5 2017 က အသင့်ရှိနေပါပြီ။ ကင်မရာ ပိုင်းကို ပိုပြီးဦးစားပေးထုတ်ထားတဲ့ Huawei GR5 2017 ဟာ Huawei P9 ထွက်ရှိပြီး မကြာမီမှာ ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့လည်း သင့်တင့်တဲ့ နူန်းထားလို့ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ သူ့ဈေးနှုန်းနဲ့ သူ့ Performance က လိုက်ဖက်ပါတယ်။


Dual Camera # Huawei GR5 2017
ရှေ့ကထွက်ရှိခဲ့တဲ့ GR5, GR5 Mini တို့ထက် ဖုန်းရဲ့ Specification ပိုင်းတွေအပြင် ဖုန်းရဲ့ အပြင်အဆင် ပုံစံဒီဇိုင်းပိုင်းတွေလည်း ပိုမို ကောင်းမွန်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ကင်မရာပိုင်းကို အားပြုထုတ်ထားတဲ့ Huawei GR5 2017 မှာ ဆိုရင်တော့………
ကျောဘက်မှာ ကင်မရာနှစ်လုံးကို တပ်ဆင်ထားပြီး ကင်မရာတွေရဲ့ အောက်မှာ Fingerprint ကို တပ်ဆင်ပေးထားတာ တွေ့မြင် ရမှာ ဖြစ်ပါတယ်။ ကင်မရာအသုံးပြုနည်းစနစ်ပိုင်းတွေမှာ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားတာ တွေ့ရမှာပါ။ Ultra snapshot စနစ်၊ Perfect Selfie စနစ်၊ Manual စနစ်တွေအပြင် Pro Photo စနစ်၊ Pro Video စနစ်၊ Selfie အတွက် Makeup အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Dual Camera အသုံးပြုထားတဲ့အတွက် Depth of Field ရိုက်တဲ့အခါမှာလည်း အတော်ပဲ ကောင်းမွန်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ကင်မရာပိုင်းအားသာချက်တွေ ဖြစ်ပါတယ်။
Design#SIM#Performance#Huawei GR5 2017
သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး 2.5D Curved Glass နဲ့ ဖုန်းမျက်နှာပြင် screen ကို ကာကွယ်ပေးထားပါတယ်။ အသုံးပြုပေးထားတဲ့ screen ကလည်း IPS LCD screen ကို အသုံးပြုပေးထားပါတယ်။ 5.5 inches ရှိတဲ့ ဖုန်းမျက်နှာပြင်မှာ 1080x1920 Pixels (~401 ppi pixel density) ရှိတဲ့ screen resolution ကို ရှုမြင် ခံစားနိုင်မှာ ဖြစ်ပါတယ်။
Dual SIM (nano sim) အမျိုးအစား ဖြစ်ပြီး 4G Network အထိ အသုံးပြုနိုင်မှာဖြစ်ပြီး SD ကဒ်သုံးမယ်ဆိုရင်တော့ SIM ကတ် တစ်ကတ်ပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။Memory နှစ်မျိုးနဲ့ ထွက်ရှိလာတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ Internal Storage 32 ROM ဆိုရင် 3GB RAM နဲ့ ထွက်ရှိပြီး Storage 64 ROM ဆိုရင် 4GB RAM ဆိုပြီး နှစ်မျိုးရှိပါတယ်။
Android OS 6.0 (Marshmallow) မှာ Huawei တို့ရဲ့ ကိုယ်ပိုင် UI ကို တွဲဖက် ပေါင်းစပ် အသုံးပြုပေးထားပါတယ်။ Octa-Core Processor ကို Kirin 655 CPU နဲ့ တွဲဖက် မောင်းနှင်ပေးထားပြန်ပါတယ်။ GPU ကတော့ Mali T830 ပါ။
Battery#Color#Huawei GR5 2017
အသုံးပြုတပ်ဆင်ပေးထားတဲ့ ဘက်ထရီအမျိုးအစားကတော့ Li-Ion 3340 mAh (non-removable battery) ဘက်ထရီအမျိုးအစားဖြစ်ပါတယ်။ ရရှိနိုင်တဲ့ အရောင်တွေကတော့ Gold နဲ့ Silver ဖြစ်ပါတယ်။
Price#Hot-line#Huawei GR5 2017
Huawei GR5 2017 ရဲ့ ယခုလတ်တလော ဈေးနှုန်းကတော့ 309,000 MMK ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဆက်သွယ် မှာယူနိုင်မယ့် Hot-line နံပါတ်ကတော့ 09-453344800 ဖြစ်ပါတယ်။

Follow us

Log in or create an account