LGM Other Services

1 Stop ၏ ဝန်ဆောင်မှုများ

onestop

- ဖုန်းငွေဖြည့်သွင်းနိုင်ခြင်း။

- Google Play Gift Card များ၊ I Tune Gift Card များ၊ Skype Prepaid eCode Card များ၊ နှင့် အခြားသော game နှင့် online account cardများ ဝယ်ယူရရှိနိုင်ခြင်း။

- 123 Service မှတစ်ဆင့် လေယာဉ်လက််မှတ်များ၊ ကားလက်မှတ်များ၊ ပွဲတက်လက်မှတ်များလည်း ဝယ်ယူရရှိနိုင်ခြင်း။

- အွန်လိုင်းစျေးဝယ်website များတွင်လည်း 1 Stop ဝန်ဆောင်မှုဖြင့် ငွေပေးချေဝယ်ယူနိုင်ရန် ဝန်ဆောင်မှုပေးထားခြင်း၊ 1 Stop service ဖြင့် မီတာဘေဆောင်နိုင်ခြင်း၊ အခွန်အခများဆောင်နိုင်ခြင်း။

- ငွေသွင်း၊ ငွေလွှဲ၊ ငွေထုတ်ခြင်း လုပ်ငန်းများကို ဝန်ဆောင်မှုပေးပါသည်။

လူကြီးမင်း ဖုန်းဆိုင်တွင်ဘဏ်များနှင့်ချိတ်ဆက်ပြီး အလွယ်တကူဝယ်ယူနိုင်သော (Special Discount) အစီအစဉ်များ

CB bank မှ credit card နှင့် မိုလ်ဘိုင်းဖုန်းများကို အရစ်ကျ (installment Plan) ၆လ ၁နှှစ်စသဖြင့် တွက်ဆပြီး မိမိကြိုက်နှစ်သက်ရာ ဖုန်းများကို(Special Discount) များရယူကာ အလွယ်တကူ ရွေးချယ်) ဝယ်ယူနိုင်ပါသည်။

ဧရာတီဘဏ် နှင့်လည်း credit card ကိုင်ဆောင်ထားသူများ MPU card ကိုင်ဆောင်ထားသူများအားလုံးသည် လူကြီးမင်းဆိုင်ခွဲအားလုံးတွင် (Special Discount) များရယူကာ အလွယ်တကူဝယ်ယူနိုင်ပါသည်။

ကမ္ဘောဇဘဏ်တွင် ဘဏ်အကောင့်ဖွင့်ထားသူများအနေဖြင့်လည်း Samsung ဖုန်းများကို အရစ်ကျ ( Installment Plan) ဖြင့်အလွယ်တကူလာရောက်ရွေးချယ်ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပေးအပ်ပါသည်။

မီတာဘေလ်ဆောင်လို့ရပြီ

meterbill

မီတာဘေလ်ဆောင်ဖို့ အချိန်အခက်အခဲဖြစ်နေပါသလား? လူကြီးမင်းဆိုင်များအားလုံးတွင် မီတာဘေလ်များကို အချိန်ကုန်သက်သာစွာ ဖြင့်မနက် ၈နာရီ မှ ည ၈ နာရီထိ နေ့စဉ်အလွယ်တကူ လာရောက်ပေးဆောင်နိုင်ရန် လူကြီးမင်းဖုန်းဆိုင်မှစီစဉ်ပေးထားပါသည်။

ကုမ္ပဏီများ၊ လုပ်ငန်းအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ အားလုံး အတွက်လည်း မိမိတို့ဝန်ထမ်းများအတွက်လည်းကောင်း၊ လုပ်ငန်းအတွက်လိုအပ်သောဖုန်းများဝယ်ယူရာတွင်လည်းကောင်း တခါတည်းအကုန်အကျမများစေရန်လည်းကောင်း၊ စျေးနှုန်းသက်သာစေရန်အတွက်လည်းကောင်း လူကြီးမင်းဖုန်းဆိုင်မှ Corporate Sales အနေဖြင့် သီးသန့်ရောင်းချပေးလျှက်ရှိပါသည်။

မိုလ်ဘိုင်းဖုန်းဝယ်ယူရာ ကုန်ကျစရိတ်ကိုတခါတည်း ကုန်ကျမှု့မရှိစေရန်နှင့် မော်ဒယ်မြင့်ဖုန်းများဝယ်ယူရာတွင် အဆင်ပြေစေရန်အတွက် လူကြီးမင်းဖုန်းဆိုင်မှ မှ ၆လ၊ ၉လ၊ ၁နှစ် စသဖြင့် အရစ်ကျနှင်အဆင်ပြေစွာဝယ်ယူနိုင်ရန်အတွက် စီစဉ်ထားပါသည်။

Smart Phone အသစ်ဝယ်ဖို့ ငွေစုနည်းလမ်းကောင်း

ngwae-su

Ngwe Su မှာ ငွေဘယ်လိုစုရမလဲဆိုတော့

- ငွေစုဘောက်ချာကို Ngwe Su ဝန်ဆောင်မှုရသောဆိုင်တွေမှ ဝယ်ယူပါ။

- ဝယ်ထားသောဘောက်ချာလက်မှတ်များကို ၁လ သို့မဟုတ် ၁လနှင့်အထက် စုထားပြီး လစဉ်​ကံ​စမ်းလို့ရပါတယ်။

- ကိုယ်ဝယ်စုထားတဲ့ ဘောက်ချာတန်ဖိုးရဲ့ ၅ဆ တန်ဖိုးနဲ့ အခြားဆုမဲတွေကိုလည်း ရယူနိုင်ပါတယ်။

- ငွေစုဘောက်ချာလက်မှတ်တွေကို Ngwe su ဝန်ဆောင်မှုရသောဆိုင်များတွင် အချိန်မရွေး ပြန်အသုံးပြုနိုင်ပါတယ်။

True Money ၏ဝန်ဆောင်မှုများ

installment

- ဖုန်းငွေဖြည့်ခြင်း။

- ငွေထုတ်ခြင်း။

- ငွေသွင်းခြင်း။

- တစ်ဦးနှင့် တစ်ဦးငွေလွှဲခြင်း။

- လျှပ်စစ်မီတာခ၊ ရေမီတာခ၊ အီလက်ထရောနစ်ကုန်သွယ်မှု အစရှိသည့် အခြားဝန်ဆောင်မှုများအတွက် အီလက်ထရောနစ်ပိုက်ဆံနှင့် ငွေပေးချေနိုင်ရန် ဝန်ဆောင်မှုပေးပါသည်။

ကျွန်ုပ်တို့၏လူကြီးမင်းဆိုင်များတွင် Wave Moneyဝန်ဆောင်မှုအသုံးပြုလို့ရပါပြီ။

- Wave Money ဆိုတာ ငွေလွှဲပြောင်းနိုင်တဲ့ အဆင့်မြင့် နည်းလမ်းတစ်ခုပါ။

- သင့် mobile ph (သို့) သင့်ပတ်ဝန်းကျင်အနီးအနားတွင်ရှိတဲ့ လူကြီးမင်း ဖုန်းဆိုင်များမှ တစ်ဆင့် သင့်၏ ငွေကို လုံခြုံစိတ်ချစွာ လွှဲပြောင်းနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

- Wave Money ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် လုံခြုံစိတ်ချရပြီး အဆင်ပြေသော ငွေပို့ခြင်းငွေလက်ခံခြင်းဝန်ဆောင်မှုများနှင့် သင့်၏ငွေကြေးကိစ္စ အဝဝကို သင့်Mobile ဖုန်းမှတစ်ဆင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Wave Money ဝန်ဆောင်မှုအားအသုံးပြုရာတွင် Wave Shop များအသုံးပြုခြင်းနှင့် Wave Account အသုံးပြုခြင်းဆိုပြီး နှစ်ခုရှိပါတယ်။

- Wave Shop မှ Wave Shop သို့ ငွေလွှဲလိုပါက နိုင်ငံသားစိစစ်ရေးကဒ်၊ နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင် စသည့်တရားဝင် သက်သေခံကဒ်ပြား များကိုပြပြီး ငွေလွှဲလုပ်ငန်းကို ပြုလုပ်နိုင်ပါတယ်။

- Wave အကောင့် ဆိုသည်မှာ သင့် တယ်လီနောဖုန်းနံပါတ်ဖြင့် ချိတ်ဆက်ထားသော Account တစ်ခုဖြစ်ပါတယ်။ငွေကြေးအသွင်းအထုတ်အားလုံးကို လျှို့ဝှက် PIN နံပါတ်ဖြင့် ကာကွယ်ထားပါတယ်။

- သင့် Wave အကောင့် မှ အခြား Wave Accountသို့ ငွေလွှဲ၊ ငွေပို့ လို့ရသလို Wave Account မှ Wave Shopသို့လည်း ငွေလွှဲ၊ ငွေပို့ နိုင်ပါတယ်။

- သင့် Wave Account မှ Wave Shop သို့ ငွေလွှဲ၊ ငွေပို့ရာတွင် (နိုင်ငံသားစိစစ်ရေးကဒ်၊ နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင် စတဲ့) ဓာတ်ပုံပါရှိသည့် တရားဝင်သက်သေခံလက်မှတ်ရှိသူထံ ငွေလွှဲပြောင်းပေးလို့ရမှာဖြစ်ပါတယ်။

 

Follow us

Log in or create an account