Samsung ရဲ့ အမိုက်စား Galaxy A Series

Samsung ရဲ့ အမိုက်စား Galaxy A Series

Samsung Galaxy A5 (2017) ~ 525,000 MMK
Samsung Galaxy A7 (2017) ~ 625,000 MMK

Samsung ရဲ့ Galaxy A series တွေထဲမှာတော့ ယခု အသစ်ထွက်ရှိလာတဲ့ A5(2017) မော်ဒယ်နဲ့ A7(2017) မော်ဒယ် နှစ်မျိုးက အမိုက်စား မော်ဒယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သာမန်အသုံးပြုချင်သူတွေအတွက်သာမကပဲ ဂိမ်းသမားများအတွက် မက်လောက်စရာ မော်ဒယ်တွေလို့ ထပ်ပြီး ဆိုရအုံးမှာဖြစ်ပါတယ်။


မော်ဒယ်နှစ်မျိုးစလုံးကို Ocat Core 1.9Ghz Processor နဲ့ မောင်းနှင်ပေးထားတဲ့အတွက် မြန်ဆန်သွက်လက်တဲ့ လုပ်ဆောင်ချက်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ GPU ကလည်း Mali-T830 MP2 ကို အသုံးပြုပေးထားတဲ့အတွက် ဂိမ်းသမားအတွေအတွက်တော့ အထူးအထွေပြောစရာမရှိလောက်အောင်ပါပဲ။


Super AMOLED touchscreen ကို အသုံးပြုထားတဲ့ A5 A7 (2017) မော်ဒယ်နှစ်မျိုးမှာ Corning Gorilla Glass နဲ့ မျက်နှာပြင်ကို ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။ ဖုန်မှုန့်နဲ့ အညစ်အကြေးများ ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Ram 3GB, ROM 32GB ပါရှိပြီး Android OS, v6.0.1(Marshmallo) ကို အသုံးပြုထားတဲ့ A5 (2017) နှင့် A7 (2017) ဟာ GSM ဖုန်းအမျိုးအစားများဖြစ်ပါတယ်။ ထူးခြားချက်လေးကတော့ SIM Slot နဲ့ SD Slot ဟာ သီးခြားစီ ဖြစ်သွားတာပါပဲ။ ကင်မရာပိုင်းမှာလည်း အရှေ့ကင်မရာ 16MP ၊ အနောက်ကင်မရာ 16MP အသီးသီးရှိကြပါတယ်။
A5 (2017) မျက်နှာပြင်အကျယ်က 5.2 inches သာရှိပြီး A7(2017) ကတော့ 5.7 inches ရှိပါတယ်။ Non-removable Li-lon 3000 mAh ဘက်ထရီအမျိုးအစားကိုတော့ A5 (2017) မှာ တပ်ဆင်အသုံးပြုပေးထားပြီး Non-removable 3600 mAh ရှိတဲ့ ဘက်ထရီအမျိုးအစားကိုတော့ A7(2017) မှာ အသုံးပြု တပ်ဆင်ပေးထားပါတယ်။
Samsung A series တွေထဲမှာတော့ ယခု ထပ်မံ ထွက်ရှိလာတဲ့ A5 A7(2017) မော်ဒယ်နှစ်မျိုးစလုံးဟာ ရေစိမ်ခံနိုင်လာပါတယ်။ ရေအနက် ၁.၅ မီတာမှာ မိနစ် ၃ဝအထိ ရေစိမ်ခံလာနိုင်ခြင်းဟာ မတော်တဆ ဖုန်းရေစိုတာကို ပူစရာ မလိုတော့ပါဘူး။
Samsung ရဲ့ အမိုက်စား Galaxy A Series တွေဖြစ်တဲ့ A5(2017) နဲ့ A7(2017) မော်ဒယ်များကို ဝယ်ယူချင်တယ်ဆိုရင်တော့ နီးစပ်ရာ လူကြီးမင်း ဖုန်းဆိုင်များမှာ Pre Order တင် ဝယ်ယူနိုင်ပါတယ်။ လူကြီးမင်း ဖုန်းဆိုင်ရဲ့ Hotline Number ဖြစ်တဲ့ 09-453344800 သို့လည်း ဆက်သွယ် မေးမြန်း ဝယ်ယူနိုင်ပါတယ် ခင်ဗျာ..။

Follow us

Log in or create an account