သင့် Android Smart Phone ရေရှည်အသုံးပြုနိုင်ရန်အတွက် ဆောင်ရန် ရှောင်ရန် ၅ချက်

သင့် Android Smart Phone ရေရှည်အသုံးပြုနိုင်ရန်အတွက် ဆောင်ရန် ရှောင်ရန် ၅ချက်

ကျွန်တော်တို့ရဲ့ နေ့စဉ် လူနေမှုဘဝတွေမှာ Smart Phone တွေရဲ့ အခန်းကဏ္ဏ္ဏဟာလည်း မပါမဖြစ်အနေအထားကိုရောက်ရှိလာခဲ့ပါတယ်

ကျွန်တော်တို့ဟာ မိမိအသုံးပြုနေတဲ့ Smart Phone ကိုတာရှည်ခံရန်အတွက် နည်းလမ်းအမျိုးမျိုးနဲ့စမ်းသပ်လုပ်ဆောင်အသုံးပြုလျှက်ရှိကြပါတယ်။

မိမိရဲ့ Smart Phone ကိုရေရှည်အသုံးပြုနိုင်ရန်အတွက် တစ်ခါတစ်ရံမှာ ဖုန်းကို ဝန်ပိစေမယ့် အမှားတွေကိုလုပ်ဆောင်မိကြပါတယ်။ အဆိုပါအချက်တွေကတော့ အောက်ပါ အတိုင်းတွေ့မြင်ရပါတယ်။

 Antivirus app များ အမြောက်အများအသုံးပြုခြင်း…

ကျွန်တော်တို့ဟာ ဖုန်းရဲ့ လုံခြုံရေးနှင့် Software ပိုင်းပြသနာများကိုကာကွယ်နိုင်ရန်အတွက် Antivirus app တွေကိုအသုံးပြုကြပါတယ်။ အသုံးပြုတဲ့အခါမှာ တစ်ခုတည်းနဲ့လုံလောက်တယ်လို့ မခံစားရတဲ့အတွက် ကောင်းပေ့ဆိုတဲ့ antivirus app တွေကို အစုလိုက်အပြုံလိုက် ထည့်သွင်းအသုံးပြုကြပါတော့တယ်။အဲ့လိုအသုံးပြုတဲ့အခါမှာတော့ antivirus app တွေဟာ Background running စနစ်တွေ protection စနစ်တွေကိုအပြိုင်အဆိုင်လုပ်ဆောင်နေတာကြောင့် ဖုန်းကို အလုပ်ပိုစေပြီး စွမ်းဆောင်ရည်ကျဆင်းစေပါတယ်။ အဆိုးဆုံးအချက်ကတော့ antivirus အရောင်ဆောင် virus app တွေကိုထည့်သွင်းမိနိုင်ပါသေးတယ်။ဒါကြောင့်စိတ်ချရတဲ့ antivirus app ကိုအသုံးပြုဖို့လည်းလိုအပ်ပါတယ်။ ဥပမာ( Avaira or Kaspersky)

Follow us

Log in or create an account